Pes2010 BGM (how to create background music)

PES 2010 မှာမိမိနှစ်သက်ရာ နောက်ခံသီချင်းထည့်ချင်ရင် လုပ်ဆောင်ရမည့်နည်းလမ်း
၁။မိမိတွင်ရှိသော mp3,wma သီချင်း file တွေကို adx file အဖြစ်ပြောင်းလဲရပါမည်။PES_Sound_File_Converter_1.4 ကိုသုံးပြီးပြောင်းနိုင်ပါတယ်။ဒီနေရာမှာဒေါင်းပါ။
၂။မိမိပြောင်းလိုက်သော adx ဖိုင်ကို အောက်ပါအတိုင်း အမည်ပေးပါ။
ဥပမာ.. file အမည် song oneနှင့် song two ဆိုပါစို့။ songa_one_1.adx နှင့် songb_two_2.adx ဟုအမည်ပေးပါ။
၃။ note pad တစ်ခုကိုအသစ်ယူပြီး အောက်ပါအတိုင်းရေးပါ။
# songs name map
1, “songa”, “one”
2, “songb”, “two”
ထို့နောက် songs.txt အမည်ပေးပြီး save ပါ။
၎။မိမိ install လုပ်ထားသည့် PES10 game folder>kitserver>root-1(သို့မဟုတ်)img ကိုတွေ့ပါက ယင်း folder ထဲတွင် dt02.img ဟု folder တစ်ခုတည်ဆောက်ပြီး adxပြောင်းထားသော သီချင်းများကို ထည့်သွင်းပါ။
၅။songs.txt ကို PES10 game folder>kitserver တွင်ထည့်သွင်းပါ။
Pes 2010 ကို မိမိနှစ်သက်ရာ သီချင်းများ ထည့်သွင်းပြီး ဖြစ်ပါပြီ။
သင်ဟာ pes edit patch များကို install လုပ်ထားပါက ထည့်သွင်းရမည့် dt02.img folder ကို C:\GAME\PES2010\kitserver\pesedit\img တွင်ထည့်သွင်းရပေမည်။
အခက်အခဲရှိပါက tunnayzar@gmail.com သို့ဆက်သွယ်ပါရန်နှင့် တတ်နိုင်သရွေ့ ကူညီပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။