ကဗျာ
လွမ်းနေပါတယ်
တခါတလေ နှုတ်ခမ်းတွေခြောက်ကပ်
အက်ကွဲကွဲ စကားတွေ
မျှဝေလို့  မပေးကောင်းတာကြောင့်
ဘာမှမတောင်းလိုက်ရဘူး။ ။
တကယ်လို့ ……
ငါ့ ခြေလှမ်းတွေကြောင့်
နင့်ဝန်းကျင်မှာ
သံစဉ်တွေခြောက်ကပ်
နှလုံးအိမ်က
အရင်လို ကဗျာတွေ ထွက်ကျမလာနိုင်တော့ဘူးဆိုရ င်….
တောင်းပန်ပါတယ်.ညီမလေးရယ်
ငါ…
တိတ်ဆိတ်ခြောက်ကပ်
နင်ဆောက်တဲ့ အကျဉ်းခန်းထဲမှာ
အလွမ်းတွေခြုံပြီး
လုံအောင်နေရမှာ ပေါ့ ။ ။
ဘယ်လိုဖြစ်ဖြစ်ပါ…
နင်မလိုတာတွေ ကြက်ခြေခတ် လဲ
ကျန်နေ မဲ့ အလွမ်း။ ။
နင်ဘာမျှ မထားခဲ့လဲ
ကျန်နေမဲ. အလွမ်း။ ။
အားလုံးတော့ နင်ဆွဲမထုတ်နိုင်ပါဘူး။ ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
၂၁ အလွမ်း
သိပ် သည်းတဲ့ လေထုထဲ တွဲခိုနေတဲ့ အအေးဒဏ် ဟေမာန်ဆန်လွန်းလို့ ခက်နေတယ် အင်း…..ဒီဇင်ဘာ မာနကလဲ အထက်စီးကပဲလေ မင်းအလုပ် မင်းလုပ်ပါ ငါ အရှုံးပေးလဲ မင်းပြုံးမယ်တောင် မထင်ပါဘူး သေလောက်အောင်ချမ်းစမ်းပါ twenty first ရယ်။ ။ ချစ် မိပါတယ်လို့  ဖော်ကျူးတဲ့  lyrics တွေ ငါ အခန်းထဲ ပျံ့ လွင့်နေတဲ့ ည…. အိုကေပါတယ် ပြောရင်း ညကိုကျော်ဖို့  ကြိုးစားနေတုန်း ငိုမဲ့မဲ့ နဲ့  ပြောတယ် “သူအန်ချင်လို့ ”တဲ့ “မင်းကွာ ငါလုံအောင် ခြုံပေးထားရက် နဲ “့ ဒီလိုနဲ့ ပဲ နှလုံးသားကိုနှစ်သိမ့် ဖို့  ညရဲ့ တ၀က်ကျော်ကျော်ကို တစ်စုံတစ်ယောက် ပုံရိပ်အောက် မှောက်ချလိုက်တာ အလွမ်းသံစဉ်တွေတောင် တိုးတိတ်သွားတယ်ထင်ပါ ရဲ့ ။ ။ * * ခက်ပါလားဟ ဘ၀ဆိုတာတွေတွေးနေပြီးမှ ဒီရေသင်ခန်းစာတွေ နားလည်ပြီးမှ ဆန္ဒဆိုတာတွေ ချင့်ချိန်ပြီးမှ တစ်ပတ်လည်ခဲ့တာလား…. ထိုည ထိုအချိန် (သူမပြောသလို) တိတိကျကျလေးကျေကွဲနေရပြန်ရော။ ။ လင်း လက်တဲ့  မာကျူရီည အပြင်ဘက်က ဟိုင်းဝေးလမ်းမတွေထက် အသက်၀၀ ရှူချင်တယ် ဒီရာသီ အေးမြမှုတွေ ပါလာကောင်းရဲ့ ဆိုတဲ့  သိမ်သိမ်နုတ်နုတ် အတွေးလေးနဲ့ ပေါ့ ဒါပေမဲ့  တစ်နေရာရာမှာတော့ အော်မေးဖြစ်မှာပါ နင်ငါ့ကို …………………………………………… ။ ။ ပြာ လွင်နေတဲ့ ဆေးစက်ချလဲ ငြိမ်းချမ်းမှု ရဲ့  ကျဆုံးခန်းက ထန်းလက်တောင် မကာနိုင်ရှာဘူး၊ ငါရင်ထဲက အ၀ါရောင်လွန်ကဲမှုတွေကြောင့်နေမှာပဲ ဆောင်းညရေ.. ပုံမှန်ခြင်း မျက်နှာဖုံးနဲ့  မနက်ဖြန်တွေဆက်ရမှာပင်ပန်းတယ်။ ။ ရယ် သံတွေ အပြုံးတွေ ဟန်ကျပန်ကျ အတုလုပ်ထားလို့ ရရင်ကောင်းမယ် အင်း မတတ်နိုင်ဘူး ဆောင်းရယ် ငါ့ရင်ထဲက အပူရှိန်တွေကို အေးမြအောင်မစွမ်းနိုင်လို့  အားမနာပါနဲ့ မင်းက ထာဝရ ရှင်သန်သူ ငါက သဘာဝလွန်ဆန်သူလေ။ ။

Mar 08, 2009 @ 16:47:24
အကိုရေ..
လာလည်သွားတယ်ဗျိုး….အလည်လာတာတောင်မုန့်မကျွေးဘူး…
ရွာကိုလာတော့မှ အရပ်လာတိုင်းတော့မယ်…ဟိဟိ..
သီချင်းလေးကိုကြိုက်တယ်…
နောက်လာခဲ့အုံးမယ်နော…
Apr 10, 2009 @ 12:36:40
ကဗျာတွေဆက်ရေးပါဦး
မျှော်နေပါတယ်
Dec 04, 2009 @ 11:44:24
ကောင်းပါတရ်….ထပ်ပြီးမျှဝေပေးပါနော်….ကိုရီးယားအဆိုတော် BigBang အဖွဲ့ T.O.P ရဲ့ အီးမေးလ်လိပ်စာလေးသိရယင်တော့ ကျေးဇူးတင်ပါတရ်
Mar 08, 2010 @ 06:50:11
1.Seoul-si, Mapogu HabJungDong 371-26
DukYang Building: BIG BANG
South Korea
2.Seoul-si, Mapogu Sangsudong 349-10
Ho-sung Building: 4th Floor
Audition Office
South Korea
3. http://choiseunghyun.com/